ကျွန်ုပ်တို့ ရည်မှန်းချက်

ကျွန်ုပ်တို့ ရည်မှန်းချက်

၂၀၁၀ ခုနှစ် အစောပိုင်းတွင် RECOFTC သည် အာဆီယံလူမှုသစ်တောကွန်ယက် (Asean Social Forestry Network) နှင့် ပူးပေါင်းကာ မြန်မာနိုင်ငံရှိ အစိုးရနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ ဗျူဟာကျကျ မိတ်ဖက်အဖြစ်ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းခဲ့ ပါသည်။ သက်ဆိုင်ရာညွှန်ကြားရေးမှူးချုပ်များနှင့် အစည်းအဝေးများပြုလုပ်ပြီးနောက် RECOFTC နှင့် Asean Social Forestry Network (ASFN) သည် အနာဂတ် သစ်တောဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်းအတွက် သစ်တောရေးရာဝန်ကြီးနှင့် ၂၀၁၁ ခုနှစ် ဇူလိုင်လက အဆင့်မြင့်အစည်းအဝေးတစ်ရပ်အနေဖြင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါသည်။

လက်ရှိအနေဖြင့် ASFN နှင့် RECOFTC သည် လူမှုသစ်တောနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အာဆီယံနှင့် ဆွစ်ဇလန်မိတ်ဖက်ဆောင်ရွက်ခြင်း (ASEAN- Swiss Partnership on Social Forestry and Climate Change) အစီအစဉ်အရ ရပ်ရွာအဆင့်မှသည် နိုင်ငံတော်အဆင့်အထိ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းကို အကောင်အထည်ဖော်ရာ၌ အတူတကွ ပူးပေါင်းဆောင်ရွက်ကြပြီး အောက်ပါလုပ်ငန်းစဉ်များကိုလည်း လုပ်ဆောင်ကြပါသည်။
 

   - လူထုပူးပေါင်းပါဝင်သော သုတေသနဆောင်ရွက်ရန်အတွက် အဓိကပြဿနာများ၊ မိတ်ဖက်များ နှင့် အလားအလာရှိသော နေရာများကို သတ်မှတ်သည့် ဆက်စပ်ပတ်သက်ပါဝင်သူများ ပူးပေါင်းသော အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကျင်းပခြင်း၊
   -  ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ သဘောတရားနှင့် နိယာမများကို သင်တန်းပေးခြင်း၊
   -  ရာသီဥတုပြောင်းလဲမှု လျော့ပါးစေရေးနှင့် လိုက်လျောညီထွေစွာနေထိုင်တတ်ခြင်းအကြောင်း သင်တန်းပေးခြင်း၊
   -  သုတေသနကို အကောင်အထည်ဖော်လုပ်ဆောင်ခြင်းဆိုင်ရာ သင်တန်းပေးခြင်း၊
   -  သစ်တောသုတေသနက ရွေးချယ်ထားသောနမူနာစမ်းသပ်ကွက်များတွင် သုတေသနကို အကောင်အထည် ဖော်လုပ်ဆောင်ရာ၌ ပံ့ပိုးပေးခြင်း၊
   -  စီနီယာအရာရှိအဆင့်များ လေ့လာရေးအတွေ့အကြုံအတွက် အပြန်အလှန်သွားရောက်ကြရာတွင် ပံ့ပိုးကူညီပေးခြင်း


လူမှုသစ်တောနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အာဆီယံနှင့် ဆွစ်ဇလန်မိတ်ဖက်ဆောင်ရွက်ခြင်း၏ ဗျူဟာမြောက် အစီအစဉ်အရ RECOFTC သည် ထိုင်းနိုင်ငံရှိ တော်ဝင်နော်ဝေးသံရုံးနှင့် UNREDD တို့နှင့် ပူးပေါင်းကာ မြန်မာနိုင်ငံတွင် REDD+ စီမံကိန်းကို ပံ့ပိုးကူညီပေးမည်ဖြစ်ပါသည်။ ထို့အပြင် RECOFTC သည် မဲခေါင်ဒေသရှိ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းကို မြှင့်တင်ရန် SDC မှ မကြာသေးမီ (၂၀၁၂ ခုနှစ်) က ပေးအပ်သော အဖွဲ့အစည်းရန်ပုံငွေကို ရရှိခဲ့ပြီး မြန်မာနိုင်ငံတွင် REDD+ ဆိုင်ရာလှုပ်ရှားမှုများနှင့် ရေနှင့်သက်ဆိုင်သောစီမံခန့်ခွဲမှု ကိစ္စရပ်များကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။


မျှော်မှန်းချက်


၂၀ဝ၁ ခုနှစ် သစ်တောရေးရာပင်မစီမံကိန်းနှင့် ၂၀ဝ၉ ခုနှစ် အမျိုးသားရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှု နည်းဗျူဟာ (National Sustainable Development Strategy) တို့ကို ပံ့ပိုးပေးရန် RECOFTC သည် မြန်မာနိုင်ငံရှိ စွမ်းဆောင်ရည်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း ထည့်သွင်းစဉ်းစားခြင်းကို ကူညီပေးနိုင်ရန် မျှော်လင့်လျက်ရှိပါသည်။
 

- ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းခိုင်မာစေရေးအတွက် လိုအပ်ချက်များကို သတ်မှတ်ခြင်းနှင့် နိုင်ငံအဆင့်မှ ရပ်ရွာအဆင့်အထိ ဆက်စပ်ပတ်သက်သူများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်းတို့ကို ဖွံ့ဖြိုးတိုးတက်စေခြင်း၊
-   အသုံးပြုသူအဖွဲ့များတည်ထောင်ခြင်းနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းအတွက် သတင်းအချက်စုဆောင်းတည်ဆောက်ခြင်း၊
-  သရုပ်ပြကွက်များကို ချဲ့ထွင်ခြင်းနှင့် ရရှိထားသော ဗဟုသုတများကို ကွန်ယက်အတွင်း ချိတ်ဆက်ဆောင်ရွက်မည့်အပြင် နယ်ပယ်အသီးသီးအလိုက် လေ့ကျင့်ဆောင်ရွက်ခြင်း၊

-  အမျိုးသားနည်းဗျူးဟာမြောက်စီမံကိန်းရှေ့ဆက်ရန် မိတ်ဖက်များစုပေါင်းခြင်းကို ပံ့ပိုးခြင်း တို့ဖြစ်ပါသည်။