REDD+ အကောင်အထည်ဖော်ရာတွင် ကြိုတင်၍ ပြည့်ပြည့်စုံစုံအသိပေးထားပြီး လွတ်လပ်စွာ ဆုံးဖြတ်ထားသော သဘောတူညီချက်- မူဝါဒချမှတ်ခြင်းနှင့် စီမံကိန်းဆောင်ရွက်ခြင်းအတွက် အခြေခံ စည်းမျဉ်းများနှင့် ချဉ်းကပ်နည်းများ

November 2014

 ဤစာအုပ်သည် REDD+ စီမံကိန်း သို့မဟုတ် အစီအစဉ်များကို ဒီဇိုင်းရေးဆွဲသူများနှင့် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေသူများအား ဦးတည်ထားခြင်းဖြစ်ပါသည်။ ဒေသခံပြည်သူများအား ပံ့ပိုးကူညီပေးသူများ သို့မဟုတ် အကြံပေးများ၊ ဌာနေတိုင်းရင်းသားများနှင့် ဒေသခံပြည်သူ ခေါင်းဆောင်များ၊ ဒေသန္တ အစိုးရ၀န်ထမ်းများ၊ စီမံကိန်းဝန်ထမ်းများနှင့် ဆက်ဆံရေးအရာရှိများ၊ ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံသူများနှင့် NGO ၀န်ထမ်းများ၊ တက်ကြွလှုပ်ရှားသူများနှင့် ဦးဆောင်အကြံပြုသူများ စသည်တို့ကို ရည်ရွယ်ပါသည်။ ဤစာအုပ်သည် REDD+ အကြောင်းကို အကြမ်းဖျဉ်းသဘောပေါက်ထားသည့် ပညာတတ်များအတွက်ဖြစ်ပြီး၊ အာရှ-ပစိဖိတ်ဒေသကို ဦးတည်ထားပါသည်။

ဤစာအုပ်ကို အခန်း(၃)ခန်းခွဲထားပြီး ပထမအခန်းတွင် REDD+ နည်းလမ်းအပေါ် ခြုံငုံသုံးသပ်ခြင်းနှင့် FPIC အရေးပါပုံတို့ဖြင့် စတင်ထားပါသည်။ ဒုတိယအခန်းတွင် FPIC အခွင့်အရေးကို လေးစားသည့် လုပ်ငန်းစဉ်ဖွံ့ဖြိုးလာပုံနှင့် အဓိက သတင်းအချက်အလက်များ၏ အကျဉ်းချုပ်တို့ကို လွယ်ကူစွာ ကိုးကားနိုင်စေရန် ဖော်ပြထားပါသည်။ နောက်ဆုံးလမ်းညွှန်အခန်းတွင် အရေးပါသည့် အချက် (၁၂) ချက်၏ အသေးစိတ်အချက်အလက်များ သို့မဟုတ် ဌာနေတိုင်းရင်းသားများနှင့် ဒေသခံပြည်သူများ၏ FPIC အခွင့်အရေးကို လေးစားရန် ဆောင်ရွက်သည့် ယေဘုယျလုပ်ငန်းစဉ်၏ အသေးစိတ်လုပ်ငန်းများကို ဖော်ပြထားပါသည်။