မြန်မာနိုင်ငံတွင် သဘောထားအမြင်များ ပြောင်းလဲလာခြင်း
ဦးမြင့်အောင်သည် မဟာမြိုင် ဘေးမဲ့တော၏ ပုံမှန် ငှက်ပေါက်စလေးများ တွေ့နေကျ နေရာကွက်များတွင် ငှက်ပေါက်လေးများမတွေ့တော့သောအခါ မေးခွန်းထုတ် စဉ်းစားစရာဖြစ်ခဲ့သည်။ သူသည် တစ်စုံတစ်ခု ပုံမှန်မဟုတ်တော့ဘဲ သွေဖယ်သွားခြင်းသည် မှားယွင်းမှုဖြစ်နေပြီး တစ်စုံတစ်ခု ပြောင်းလဲနေသည်ကို သိရှိသည်။ မိခင်ငှက်များနှင့် ပတ်သတ်၍ တခုခုမှားယွင်းနေပြီလား။ သစ်တောများ တစ်ခုခု ဖြစ်နေပြီလား။ ဘာလို့တောထဲမှာ ပုံမှန်သားပေါက် ရာသီအတောအတွင်း ငှက်ပေါက်လေးတွေ မရှိတာလဲ။
သူသည် အနီးတဝိုက်ကိုကြည့်ပြီး သစ်တောများ အတော်ပြောင်းလဲနေပြီကို သိရှိခဲ့သည်။ သစ်တောများ ထူထပ်မှု လျော့နည်းလာသည် ဟု ထင်ရသည်။ သူသည် သစ်ပင်ငုတ်တပ်များကို သတိပြုမိပြီး လူတို့သည် သစ်တောများ ပိုမိုခုတ်လာကြသည်ဟု ကောက်ချက်ချခဲ့သည်။ “ငှက်များ၏ မျိုးပွါးမှုပြောင်းလဲလာခြင်းသည် သတိပေးမှု လက္ခဏာ တစ်ခု ဖြစ်သည်။ သစ်တောများသည် လူတို့လုပ်ဆောင်ချက်များကြောင့် ပြောင်းလဲ လာပြီး မိမိတို့သည် ထိုပြဿနာကို ဖြေရှင်းရမည်” ဟု ဦးမြင့်အောင်က စဉ်းစားသည်။
ဦးမြင့်အောင်သည် မြန်မာနိုင်ငံ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနတွင် နှစ် ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီး ယခုအချိန်တွင် အစိုးရမဟုတ်သော အဖွဲ့အစည်း “FOW” ၏ ဥက္ကဋ္ဌ ဖြစ် သည်။ သူသည် ပြဿနာသည် ရှုပ်ထွေးသော်လည်း အလျင်အမြန်ဖြေရှင်း ရမည်ဖြစ်ကြောင်း သိရှိသည်။ သစ်တောထွက်ပစ္စည်းများနှင့် သစ်တောမှပေးသော ဝန်ဆောင်မှုများ လိုအပ်ချက်များလာခြင်းကြောင့် တရားမဝင်သစ်ထုတ်မှုများလာကာ သစ်တောပြုန်းတီးမှု ဖြစ်လာသည်။ သစ်တောများ နည်းပါးလာခြင်း ကြောင့် မြန်မာနိုင်ငံတွင် ကာဗွန်ထုတ်လွှတ်မှုသည် စိုးရိမ်စရာအခြေအနေရောက်လာခဲ့သည်။
“ပြီးခဲ့သော စီမံကိန်းတွင် ကျွန်တော် မဟာမြိုင်ဘေးမဲ့တောအနီးရှိ သက်ကယ်ချင်း ကျေးရွာကို ဖြတ်သွားခဲ့ သည်။ ရွာသားများသည် ပုံမှန်ပြန်ပေါက်နေသော တားမြစ်သစ်ပင်များကို ခုတ်ထားကြပြီး ဆယ်စုနှစ်များ စွာ ခုတ်ခဲ့သည့်အတိုင်း ဆက်လက်ခုတ်နေဆဲ ဖြစ်သည်ကို တွေ့ရှိခဲ့သည်။ သစ်ထုတ်ကားများသည် မနက် တိုင်းဆွဲပြီး ရွာသားများသည် သစ်ထုတ်ကားများလာလျှင် ပျော်ရွှင်နေကြသည်။ ရွာသားများသည် တောထဲ မှ သစ်လုံးများကို ကားပေါ်သို့ တင်ကြပြီး ပိုက်ဆံရကြ လိမ့်မည်။ ထိုပိုက်ဆံသည် ရွာသားများနှင့်၎င်းတို့ မိသားစု အတွက် အပိုဝင်ငွေဖြစ်သည်။ သို့သော် ရွာသားများသည် သစ်ပင်များခုတ်ခြင်းဖြင့် သစ်တောများ ပျက်စီးစေပြီး ရာသီဥတု ပြောင်းလဲမှု ဖြစ်စေနိုင်သည်ကို မသိခဲ့ကြပါ” ဟု ဦးမြင့်အောင်က ပြောခဲ့သည်။
FOW မှ ဦးမြင့်အောင်နှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များသည် တရားမဝင်သစ်ထုတ်ခြင်းကြောင့် သစ်တော ပြုန်းတီးမှု အန ္တရာယ်၊ တောရိုင်းတိရစ္ဆာန် မျိုးသုဉ်းမှု အန ္တရာယ်နှင့် ဒေသခံပြည်သူများကိုယ်တိုင် အန ္တရာယ်ရှိကြောင်း ပြည်သူများသဘောပေါက် နားလည်အောင်ပြုလုပ်ရန် ချဉ်းကပ် နိုင်မည့် နည်းလမ်း လိုအပ်ကြောင်း သိရှိ ခဲ့ကြသည်။ သို့သော် FOW အဖွဲ့မှ ဝန်ထမ်းအများစုမှာ အတွေ့အကြုံနည်းပြီး မကြာသေးမီကမှ ဘွဲ့ရထားသော ဝန်ထမ်းများဖြစ်သည့်အလျောက် ဦးမြင့်အောင်နှင့် အဖွဲ့သည် မိမိတို့ အဖွဲ့က ဒေသခံများနှင့်အတူ သင်ကြားမှုအစီအစဉ်ကို ပံ့ပိုးကူညီနိုင်ရန် လုံလောက်သော ဗဟုသုတနှင့် ကျွမ်းကျင်မှု မရှိသေးကြောင်း သိရှိနားလည်ခဲ့သည်။ ထို့နောက် ၂၀၁၂ ခုနှစ်တွင် FOW မှ ဝန်ထမ်းအချို့ သည် ဘန်ကောက်တွင် RECOFTC ၏ သင်တန်းကို တက်ရောက်ရန် ဖိတ်ကြားခံခဲ့ရသည်။
“ထိုအခွင့်အရေးမျိုးရသည့်အတွက် ကျွန်တော်တို့ အလွန် ဝမ်းမြောက်ခဲ့ပါသည်။ ကျွန်တော် RECOFTC အဖွဲ့ကို လွန်ခဲ့သော အနှစ် ၂၀ ကတည်းက ကြားဖူးခဲ့သည်။ အဖွဲ့၏ အံ့သြဖွယ် အရည်အသွေး နှင့် သင်ကြားနည်းစနစ်များကို သိရှိခဲ့သောအချိန်တွင် အဖွဲ့ကို ဒေသဆိုင်ရာနယ်ပယ် တစ်ခုတွင် အရေး အကြီးဆုံး အဖွဲ့တစ်ခု ဖြစ်စေသော အဖွဲ့၏ စွမ်းဆောင် ရည်မြှင့်တင်ခြင်း နည်းလမ်းများ ကို သဘောကျခဲ့ သည်။” ဟု ဦးမြင့်အောင်က ပြောခဲ့သည်။
အလုပ်ရုံဆွေးနွေးပွဲပြီးနောက် သင်တန်းတက်ရောက်ခဲ့သော ဝန်ထမ်းများသည် မိမိတို့ရရှိခဲ့သော ဗဟုသုတများ၊ ကျွမ်းကျင်မှုများကို မျှဝေရန် ဝမ်းမြောက်ရုံသာမက အာရှစီမံကိန်းဖြစ်သော REDD+ တွင် RECOFTC ၏ ပြည်သူများအား စွမ်းဆောင်ရည်မြှင့်တင်ခြင်းအတွက် FOW မှ မိတ်ဖက်အဖွဲ့အစည်းအဖြစ် ဆောင်ရွက်ရန် အဆိုပြုချက်ကို ယူဆောင်နိုင်ခဲ့သည်။ RECOFTC နှင့် တွဲဖက်လုပ်ဆောင်ခြင်းသည် မိမိတို့ လုပ်ငန်းများကို အကောင်အထည်ဖော်နိုင်မည် ဖြစ်သည့်အပြင် မိမိတို့အဖွဲ့၏ လုပ်ငန်းအားလုံးကို ပိုမို ကောင်းမွန်အောင် လုပ်ဆောင်နိုင်ရန် မိမိတို့ စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်မည်ဟု ယုံကြည်ကြသည်။
“ပြီးခဲ့သော စီမံကိန်းတွင် မိမိတို့သည် ဒေသခံများကို အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း အခြေခံသဘော တရားများကို မိတ်ဆက်ခဲ့သည်။ အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းသည် သစ်တောသယံဇာတများကို ရေရှည် တည်တံ့အောင် စီမံခန့်ခွဲနိုင်မည်ဖြစ်ပြီး တောရဲတိရစ္ဆာန်များအတွက် ဂေဟစနစ်ကိုလည်း ပြန်လည် ကောင်းမွန်စေမည် ဖြစ်ကြောင်း ကျွန်တော်တို့ရှင်းပြခဲ့သည်။ သို့သော် တုံ့ပြန်မှုသည် စိတ်ဓါတ်ကျ ဖွယ်ဖြစ်ခဲ့သည်။ ဒေသခံများ သည် အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း အခြေခံသဘောတရားများကို နားမလည်ဘဲ အကျိုးဆက်အနေဖြင့် အစုအဖွဲ့ပိုင်သစ်တော လုပ်ငန်းတည်ထောင်ခြင်းအပေါ် စိတ်ဝင်စားမှု မရှိခဲ့ပါ။ ထို့ကြောင့် ကျွန်တော်တို့သည် RECOFTC နှင့် တွဲဖက်လုပ်ကိုင်ခြင်းက ဒေသခံပြည်သူများကို ချဉ်းကပ်ရာတွင် အကူအညီဖြစ်စေနိုင်မည်ဟု ထင်သည်။
ပထမလုပ်ဆောင်မှု အနေဖြင့် FOW မှ ဦးမြင့်အောင်နှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များသည် စီမံ ကိန်း အစအဖြစ် ရေတာရှည်နှင့် ပေါက်ခေါင်းမြို့နယ် ရှိ ဒေသခံပြည်သူ အဖွဲ့၂ဖွဲ့ကို မြို့နယ်အဆင့် သင် တန်း ပေးခဲ့သည်။ FOW မှ ဝန်ထမ်းများရော ဒေသခံပြည်သူများပါ သင်တန်းတွင် ပါဝင်ခဲ့ကြသည်။ “RECOFTC နှင့် အလုပ်မလုပ်ခင်က Power Point ဖြင့် တင်ပြသင်ကြားခြင်းကိုသာ ပြုလုပ်ခဲ့သည်။ RECOFTC သင်တန်းတက်ပြီးနောက် အဖွဲ့လိုက်ဆွေးနွေးခြင်း ကဲ့သို့သော ပူးပေါင်းပါဝင်သော နည်းလမ်း များဖြင့် သင်ကြား ပံ့ပိုးကူညီမှု နည်းလမ်းအမျိုးမျိုးကို သိရှိနားလည်ခဲ့သည်။ ပူးပေါင်းပါဝင် ပို့ချသင်ကြားခြင်း နှင့် ဒေသခံများကို လုပ်ပိုင်ခွင့်ပေးခြင်းက ပြောင်းလဲမှု ဖြစ်နိုင်ရန် ဒေသခံများ၏ နားလည်သဘောပေါက်မှု မြင့်တက်စေခြင်း အတွက် အရေးကြီးသောအချက်ဖြစ်ကြောင်း သိရှိလာခဲ့သည်။” ဟု FOW မှ ဝန်ထမ်းတစ် ဦးဖြစ်သော ဒေါ်ခိုင်ခိုင်ဆွေက ပြောကြားခဲ့သည်။
“RECOFTC နှင့် ပြုလုပ်သော ပထမသင်တန်းကြောင့် ဒေသခံများကို သင်တန်း ပြန်လည်ပို့ချနိုင် ရုံသာမက၊ ဒေသခံများနှင့် လုပ်ငန်းများအတူတကွ လုပ်ဆောင်နိုင်သော သင်တန်း ဆရာများ၊ ပံ့ပိုးကူညီ သူများအဖွဲ့အခိုင်အမာရှိ သည့်အတွက် ယခုအခါ စီမံကိန်းအတွက် ပေါက်ခေါင်းနှင့် ရေတာရှည်မှ ဒေသခံ ပြည်သူပံ့ပိုးကူညီ သူများ ၂၀ယောက် နီးပါး ရှိနေပြီဖြစ်သည်။” ဟုဒေါ်ခိုင်ခိုင်ဆွေက ဂုဏ်ယူစွာ မျှဝေပြော ကြားခဲ့သည်။
ပေါက်ခေါင်းမြို့နယ်မှ ဒေသခံတစ်ဦးဖြစ်သော ဦးဝေဖြိုးဇင်က “လွန်ခဲ့သော ၆လက REDD+ ဒေသခံ ပြည်သူ အဆင့် သင်တန်းတွင်တက်ရောက် သင်ယူခဲ့ပြီး ယခုအခါ ရာသီဥတုပြောင်းလဲမှုဒဏ်ကို လျှော့ချနိုင်ရန် သစ်ပင်များစိုက်ပျိုးခြင်း၏ အရေးပါပုံကိုသိရှိနားလည်ပြီဖြစ်သည်။ ထိုအကြာင်းအရာကို ကျွန်တော့် အဖေ၊ အမေ နှင့် ညီလေးကို ရှင်းပြခဲ့သည်။ ယခုအခါ ကျွန်တော်တို့ ကျွန်းပင် ၂၀၀ စိုက်ပျိုး ထားပြီး ၅လ အရွယ်ရှိပြီဖြစ်သည်။ ၎င်းအပင်များသည် ရာသီဥတုပြောင်းလဲမှုကို တားဆီးနိုင်သကဲ့သို့ စီးပွါး ရေးအရလည်း တန်ဖိုးရှိသောအပင်များဖြစ်သည်။” ဟု ရာသီဥတုပြောင်းလဲမှု လျှော့ချရာ တွင် ပါဝင်သည့် သူ၏ အခန်းကဏ္ဍကို ရှင်းပြခဲ့သည်။
ပြည်သူအစုအဖွဲ့နှစ်ဖွဲ့တွင် အောင်မြင်မှုနှင့်အတူ ပံ့ပိုးကူညီမှု စွမ်းရည်နှင့် နည်းလမ်းများ မြင့်တက် နေပြီဖြစ်သော သင်တန်းသားများပါဝင်သည့် ဦးမြင့်အောင်နှင့် အဖွဲ့သည် သက်ကယ်ချင်းကျေးရွာသို့ REDD+ အခြေခံသဘောတရားများကို မိတ်ဆက်ရန် သွားသောအခါ ယခု အကြိမ်တွင် အလွန်ကွဲပြားသော ရလဒ် ရရှိခဲ့သည်။ “ကျွန်တော်တို့ ဒေသခံပြည်သူများနှင့် နားလည်သဘောပေါက်မှု မြှင့်တင်ခြင်း အစည်းအဝေး လုပ်သောအချိန်တွင်RECOFTC နှင့် ၎င်း၏ မိတ်ဖက်အဖွဲ့အစည်းများ မြန်မာစာဖြင့် စီစဉ်ပြုလုပ်ထားသော ပိုစတာများကို ယူဆောင်လာခဲ့သည်။ အိမ်ခြေ ၁၂၀ ဝန်းကျင်၊ သို့မဟုတ် ဒေသခံ ပြည်သူ ၇၀၀ နီးပါး ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော လုပ်ငန်း အုပ်ချုပ်လုပ်ကိုင်မှု စီမံချက် ပြုလုပ်ရေး ဆွဲခြင်း အပေါ် ဆွေးနွေးမှုများကို တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြသည်။” ဟု ဦးမြင့်အောင်က ပြောခဲ့သည်။
မကြာသေးမီက ဒေသခံပြည်သူများသည် နောက်အဆင့်များကို တက်လှမ်းခဲ့ကြသည်။ “ အိမ် ထောင်စု ၃၀ ပါဝင်သော အဖွဲ့သည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ ထုတ်ပြန်သော ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ လမ်းညွှန်းချက်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ ၎င်းတို့သည် ကာဗွန်လျှော့ချမှုနှင့် ရာသီဥတု ပြောင်းလဲမှု အခြေခံသဘောတရားများ ပါဝင်သော အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း ဆောင်ရွက်ခွင့်ကို သစ်တောဦးစီးဌာနကို တင်ပြခဲ့သည်။ ကျွန်တော့် အတွက်တော့ ထိုသို့ပြုလုပ်ခြင်းကိုကြည့်ခြင်းဖြင့် နားလည်သဘောပေါက်မှု မြှင့်တင်ခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းတို့သည် လူတို့၏ သဘောထားအမြင်များကို လွှမ်းမိုးနိုင်ရုံမျှမက မိမိတို့ သယံဇာတများကိုအကျိုးရှိရှိ အသုံးချကာ စီမံအုပ်ချုပ်နိုင်ရန် လုပ်ပိုင်ခွင့်ပေးသင့်သည် ကို ထင်ရှားစေ သည်” ဟု ဦးမြင့်အောင်က အခိုင်အမာပြောဆိုခဲ့သည်။