Welcome To RECOFTC Publications

ရေရှည်တည်တံ့စေသော သစ်တောစီမံခန့်ခွဲမှုနှင့် သစ်တောထွက်ပစ္စည်းများ တရားဝင် ကုန်သွယ်ရေး - ထောက်ခံချက်ရယူမှုလမ်းကြောင်းများ

Date
30 Nov 2022
Authors
Martin Greijmans, Pratya Youngpatana and Rejani Kunjappan
Publisher
RECOFTC
Serial No.
0000431
ISBN/ISSN
978-616-8089-68-2

ဤလက်စွဲစာအုပ်ကို သစ်တောကဏ္ဍ လုပ်ကွက်ငယ်တောင်သူများ၊ ရပ်ရွာလူထုများ၊ သစ်နှင့် အခြား သစ်တောထွက်ပစ္စည်း ထုတ်လုပ်ရေးတွင် ပါဝင်ဆောင်ရွက်နေကြသည့် ပုဂ္ဂလိက ကဏ္ဍနှင့် အမျိုးသားအဆင့် အကျိုးသက်ဆိုင်သူများကို ကူညီပံ့ပိုးနေသည့် အဖွဲ့အစည်းများရှိ သင်တန်းဆရာများအတွက် ရည်ရွယ်၍ ရေးသားထားပါသည်။ ဤလက်စွဲစာအုပ်သည် နိုင်ငံတွင်းနှင့် နိုင်ငံတကာရှိ သစ်တောထောက်ခံချက်ပြု နည်းလမ်းများ အထောက်အကူဖြင့် ရေရှည်တည်တံ့စေသောသစ်တောစီမံခန့်ခွဲမှုနှင့် သစ်တောထွက်ပစ္စည်းများ တရားဝင်ကုန်သွယ်ရေးတို့အကြောင်း ပို့ချသင်ကြားရာတွင် သင်တန်းဆရာများ အသုံးပြုနိုင်သည့် အသေးစိတ်ကျ၍ တစ်ဆင့်ပြီး တစ်ဆင့် လမ်းညွှန်သင်ကြားနိုင်သော သင်ရိုးစာအုပ်တစ်အုပ်ဖြစ်သည်။ဤလက်စွဲစာအုပ်တွင်သင်တန်းဆရာများ အသုံးချနိုင်သည့် လေ့ကျင့်ခန်းများ၊ လက်ကမ်းစာစောင်များ၊ ဖြစ်ရပ်လေ့လာချက်များ၊ အသုံးပြုသင့်သော သင်တန်းသင်ထောက်ကူပစ္စည်းများ ထည့်သွင်းပေးထားပါသည်။ နောက်ဆက်တွဲရင်းမြစ်များကိုလည်း စာရင်းပြုစုဖော်ပြပေးထားပါသည်။ သင်တန်းဆရာများအနေဖြင့် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များအပါအဝင် ဒေသန္တရအဆင့်၊ နိုင်ငံအဆင့် အကျိုးသက်ဆိုင်သူများအထိ သင်တန်းပေးသင်ကြားရာ၌ အထောက်အကူဖြစ်စေရန် ရေးဆွဲထားပါသည်- 

  • သစ်တောအခြေပြုဒေသခံပြည်သူများ 

  • သစ်တောအခြေပြု ဒေသခံပြည်သူအစုအဖွဲ့ပိုင် စီးပွားရေးလုပ်ငန်းများ တည်ထောင်လုပ်ကိုင်လိုသူများ သို့မဟုတ် အစုအဖွဲ့များ 

  • ဒေသန္တရအစိုးရအာဏာပိုင်အဖွဲ့အစည်းများ 

  • ဒေသန္တရနှင့် နိုင်ငံအဆင့် ပုဂ္ဂလိက ကဏ္ဍ ပါဝင်ဆောင်ရွက်နေသူများ 

  • နိုင်ငံအဆင့် သစ်တောထွက်ပစ္စည်း အသင်းအဖွဲ့များ 

  • နိုင်ငံအဆင့် အစိုးရအဖွဲ့အစည်းများ 

  • အရပ်ဘက်လူမှုအဖွဲ့အစည်းများ 

ဤလက်စွဲစာအုပ်သည် အဆိုပါအစုအဖွဲ့များ၏ စွမ်းဆောင်ရည်များ ခိုင်မာအားကောင်းလာစေရန် အထောက်အကူပြုပေးနိုင်ပါသည်။ ဤလက်စွဲသည် တရားမဝင်သစ်ခုတ်လှဲမှုကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများကို ဖြေရှင်းပေးနိုင်ပြီး ရေရှည်တည်တံ့စေသောသစ်တောစီမံခန့်ခွဲမှုနှင့် ကုန်သွယ်မှုတို့ကိုဖော်ဆောင်ရာတွင် ၎င်းတို့၏ အဖွဲ့အစည်းဆိုင်ရာ လုပ်ကိုင်နိုင်စွမ်းကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။

ဤသင်ရိုးညွှန်းတမ်းအပါအဝင် ယခင် ကြိုတင်ဆောင်ရွက်ခဲ့သည့် သင်တန်းအစီအစဉ်များ၊ စွမ်းဆောင်ရည်မြှင့်တင်မှုလိုအပ်ချက်များ အကဲဖြတ်ဆန်းစစ်ချက်များကို နော်ဝေနိုင်ငံအစိုးရ၊ UN-REDD အစီအစဉ်အောက်ရှိ ရေရှည်တည်တံ့စေသော သစ်တောထွက်ပစည်းများ ကုန်သွယ်ရေးဆိုင်ရာ လုပ်ငန်းအစီအစဉ် (SFTLMR) ၏ ငွေကြေးကူညီထောက်ပံ့မှုဖြင့်ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့မှ နည်းပညာပိုင်းဆိုင်ရာ ကူညီဆောင်ရွက်ပေးပါသည်။ဤသင်ရိုးညွှန်းတမ်း pdf ဖိုင်ကို ယခုစာမျက်နှာတွင် ဒေါင်းလုတ်ရယူနိုင်ပါသည်။ ပုံနှိပ်စာအုပ်ပုံစံဖြင့် ရယူလိုသည့် အဖွဲ့အစည်းများအနေဖြင့် info@recoftc.org သို့ ဆက်သွယ်နိုင်ပါသည်။