RECOFTC မြန်မာ
သတင်းများ

ဒေသခံအခြေပြု ကြိမ် စီးပွားရေးလုပ်ငန်းစတင်မိတ်ဆက်

ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစေ်တာအခြပြု ကြိမ်စီးပွားရေးလုပ်ငန်းကို စိတ်ပါဝင်စားသူ ဒေသခံပြည်သူများစုပေါင်းပြီး ရွှေရိုးမ နာမည်ဖြင့် ကြိမ်အချောထည်စီးပွားရေးလုပ်ငန်းစတင်တည်ထောင်

တာဝန်ယူမှုရှိသော အာရှဆိုင်ရာ သစ်တောစီမံအုပ်ချုပ်မှုနှင့် ကုန်သွယ်ခြင်းဆိုင်ရာ အပိုင်း (၃) စီမံကိန်း (Responsible Asia Forestry and Trade-III project RAFT-3) ဆောင်ရွက်လျက်ရှိသည့် ဂွမြို့နယ် ဒေသခံပြည်သူများသည် ရွှေရိုးမ ကြိမ်အချာထည်လုပ်ငန်းကို ဒေသခံအစုအဖွဲ့ပိုင်သစ်တောာအခြပြု စီးပွားရေးလုပ်ငန်းကို၂၀၁၈ ခုနှစ် မတ်လတွင် စတင်မိတ်ဆက်ခဲပါသည်။ 

ကြိမ်ကြမ်းများကိုပြုတ်ဖို့သယ်နေစဉ်

အဆိုပါ ရွှေရိုးမသည် ဈေးကွက်ဆန်းစစ်ခြင်းနှင့် ဖေါ်ဆောင်ခြင်း (Market Analysis and Development - MA&D) သင်တန်းကိုတက်ရောက်သည့်  စိတ်ပါဝင်စားသူ ဒေသခံကိုယ်စားလှယ်များကို (၈)ဦးဖြင့် စတင်ဆောင်ရွက်နေခြင်းဖြစ်ပါသည်။

CF အတွင်းထွက်ရှိသည့် ကြိမ်ကုန်ကြမ်းကို အခြေပြု၍ ပထမအဆင့်အနေနဲ့ ပြုတ်ကြိမ်များကို ထုတ်လုပ်ပြီး မြန်မာနိုင်ငံ ကြိမ် နှင့် ဝါးလုပ်ငန်းရှင်များအသင်းနဲ့ ပြုတ်ကြိမ်အရောင်းအဝယ်လုပ်ရန် နှင့် လက်မှုပညာတိုးတက်ရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်သင်းပေးရန် သဘောတူစာချုပ်လက်မှတ်ရေးထိုးနေပြီဖြစ်သည်။

ပြုတ်ကြိမ်များကိုတွေ့ရစဉ်

ထို့အပြင် အရည်အသွေးကောင်းမွန်သော ကြိမ်ကုလားထိုင် အမျိုးမျိုး ထုတ်လုပ်နိုင်ရန် မြန်မာနိုင်ငံကြိမ် နှင့် ဝါးလုပ်ငန်းရှင်များအသင်း နှင့် RECOFTC မှ ပူးပေါင်းပြီး လက်မှုပညာသင်တန်းကို ပူးတွဲဖွင့်လှစ်သွားမှာဖြစ်ပါသည်။