RECOFTC မြန်မာ
အခမ်းအနားများ

သစ်တောစီမံခန့်ခွဲမှုလုပ်ငန်းစဥ်များတွင် ကျား၊မ ရေးရာကဏ္ဍ ထည့်သွင်းဖော်ဆောင်ခြင်းဆိုင်ရာ ဆွေးနွေးဟော‌ပြောပွဲ

Dec 28
2020
Location
Online

အစပျိုးဆောင်ရွက်သည့်လုပ်ငန်းများတွင် အမျိုးသမီးများပါဝင်မှုကို မြှင့်တင်ခြင်းအားဖြင့် အကျိုးရလဒ်ကောင်း များကို ပိုမိုဖော်ဆောင်နိုင်မည်ဆိုသည့်အချက်ကို သုတေသနတွေ့ရှိချက်များက ဖော်ပြလျှက်ရှိပါသည်။ ဥပမာ အားဖြင့် ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးမှုဖြစ်စဉ်တွင် အမျိုးသမီးပါဝင်မှုသည် ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိနိုင်မှုကို တိုးတက်စေသည်ဆိုသော တွေ့ရှိချက်ကို ယခုဖော်ပြပါလင့်ခ် မှ တဆင့် သိရှိနိုင်ပါသည်။

ယခုကဲ့သို့အမျိုးသမီးပါဝင်မှုတိုးမြင့်လာခြင်းကြောင့် ပိုမိုကောင်းမွန်သည့် ရလဒ်ကောင်းများ ရရှိခြင်းသည် သစ်တောကဏ္ဍအပါအဝင် များစွာသော ကဏ္ဍနယ်ပယ်များတွင်လည်း အလားတူ သက်ရောက်စေပါသည်။ သစ်တောစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များတွင် ကျား၊မ ရေးရာ ကဏ္ဍ ထည့်သွင်း​ဖော်ဆောင်ခြင်းဖြင့် အဆိုပါ ကဏ္ဍနှစ်ရပ်လုံးအတွက် ပိုမို အားကောင်းသော ထပ်ဆင့်ရလဒ်များကို ရရှိစေပါသည်။ 

Webinar တွင် ဆွေးနွေးသွားမည့် အကြောင်းအရာများမှာ -   

  • ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း လုပ်ငန်းနှင့် ကျား၊မ တန်းတူညီမျှမှုဆိုင်ရာ လုပ်ငန်းစဉ်များ၊ အဆိုပါ လုပ်ငန်းစဉ်များနှင့် ဆက်စပ်နေသော မူဝါဒများနှင့် ဥပဒေပိုင်းဆိုင်ရာအထောက်အပံ့များ
  • သစ်တော စီမံအုပ်ချုပ်လုပ်ကိုင်မှု၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများကို ဦးတည်သော သစ်တောစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များတွင် ကြုံတွေ့နေရသော  ကျား၊မရေးရာဆိုင်ရာ ကိစ္စရပ်များ
  • အဆိုပါ ကျား၊မရေးရာဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ရာတွင် ကြုံတွေ့နိုင်သော  အတားအဆီးများ
  • သစ်တောလုပ်ငန်းများတွင် ကျား၊မ တန်းတူညီမျှမှုတိုးတက်လာစေရန်နှင့် ကျား၊မရေးရာ ဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းဆောင်ရွက်နိုင်စေရန် လက်တွေ့လိုက်ပါ ဆောင်ရွက်နိုင်မည့် စံနမူနာပြ လုပ်ငန်းစဉ်များ အကြောင်း ဆွေးနွေးသွားမည် ဖြစ်ပါသည်။

ယခု webinar ကို စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်မည်ဖြစ်သည့်အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ သစ်တောစီမံအုပ်ချုပ်မှု စသည်တို့နှင့်ပတ်သက်ပြီး ဒေသခံပြည်သူလူထုနှင့် အတူတကွ ပူးပေါင်းလုပ်ဆောင်လျှက်ရှိသော နိုင်ငံတကာနှင့်ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်ရွာအခြေပြု လူထုအဖွဲအစည်းများနှင့် အခြားနယ်ပယ်ကဏ္ဍများမှ စိတ်ပါဝင်စားသူမည်သူမဆို စာရင်းပေးသွင်း တက်ရောက် နိုင်ပါသည်။ 

ဆွေးနွေးပွဲကျင်းပမည့် နေ့ရက်နှင့်အချိန်

ဒီဇင်ဘာလ ၂၈ ရက် ၂၀၂၀ ခုနှစ်

ညနေ ၃ နာရီ မှ ၅နာရီခွဲ

ဆွေးနွေးဟောပြောမည့်သူများ

  • ဒေါက်တာ နှင်းရွှေဇင်လှိုင် ၊ Head of Policy and Advocacy Unit ၊  Gender Equality Network – Coordination Unit (GEN–CU)
  • ဦးအောင်ကျော်နိုင် ၊ Program Officer ၊ RECOFTC Myanmar
  • ဒေါ်ခင်ညိုလင်း ၊ Senior Officer ၊  WWF Myanmar

ဆွေးနွေးဟောပြောမည့်သူများ တင်ဆက်ပြောကြားမှုအပြီးတွင် တက်ရောက်လာသူများနှင့် အမေးအဖြေ အစီအစဉ်ထားရှိမည် ဖြစ်ပါသည်။

Webinar ကို မြန်မာဘာသာဖြင့် ဆွေးနွေးသွားမည် ဖြစ်ပါသည်။

QR code

Webinar အတွက် စာရင်းပေးသွင်းရန် ဤနေရာ ကို နှိပ်ပါ။ (သို့မဟုတ်) ဖော်ပြပါ QR code ကို scan ဖတ်ပြီး စာရင်းပေးသွင်းလိုက်ပါ။

စာရင်းပေးသွင်းရန် နောက်ဆုံးရက် - ၂၇ ဒီဇင်ဘာ ၂၀၂၀

ယခုဆွေးနွေးဟောပြောပွဲအား  RECOFTC - လူနှင့် သစ်တောများ ဗဟိုဌာန၏ ကျား၊မရေးရာကဏ္ဍ ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း လုပ်ငန်းစဉ်တစ်ခုဖြစ်သော WAVES – ‘Weaving Leadership for Gender Equality’ အစီအစဉ်မှ ကျင်းပဆောင်ရွက်ခြင်းဖြစ်ပါသည်။ ဆွီဒင်နိုင်ငံအစိုးရ၏ ငွေကြေးအထောက်အပံ့ဖြင့် ‌အကောင်အထည်‌ဖော် ဆောင်ရွက်နေသော အဆိုပါ WAVES အစီအစဉ်သည် မြန်မာနိုင်ငံနှင့် အခြားသော နိုင်ငံရှိ ကျား၊မရေးရာကဏ္ဍများတွင် တစိုက်မတ်မတ် ဆောင်ရွက် နေသူ (Gender Champions) များနှင့်အတူ ရာသီဥတုပြောင်းလဲခြင်း၊ သစ်တောရေးရာကဏ္ဍ ၊ REDD+ (သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစား ကျဆင်းခြင်းတို့မှ ကာဗွန်ထုတ်လုပ်မှုလျော့ချခြင်း၊ သစ်တောတွင်း သိုလှောင်ကာဗွန်များကို ထိန်းသိမ်း ကာကွယ်ခြင်း၊ သစ်တောများအား ရေရှည်တည်တံ့စွာ စီမံအုပ်ချုပ်ခြင်းနှင့် သစ်တောတွင်း သိုလှောင်ကာဗွန်များ တိုးတက်စေခြင်း) လုပ်ငန်းစဉ်များနှင့် FLEGT (တရားမဝင်သစ်တောထွက်ပစ္စည်းများ ဥပဒေနှင့် အညီ ကူးသန်းရောင်းဝယ်ဖွဲ့ဖြိုးရေး ဆိုင်ရာ ကောင်းမွန်သော သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှု တိုးမြှင့် ဆောင်ရွက်ခြင်း) လုပ်ငန်းစဉ်တို့တွင် ကျား၊မ တန်းတူညီမျှမှု တိုးတက်စေရန် ဆောင်ရွက်လျှက် ရှိပါသည်။ ဥရောပသမဂ္ဂ၏ ငွေကြေးအထောက်အပံ့နှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော မဲခေါင်သစ်တောများအတွက် ဒေသခံတို့၏အသံ (Voices for Mekong Forests - V4MF) စီမံကိန်းအနေဖြင့်လည်း ဆွေးနွေးဟောပြောပွဲအား  ပူးတွဲကူညီ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 


Webinar နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက -

  • ယူကီကို ၊ ပြန်ကြားဆက်သွယ်ရေး အရာရှိ ၊ RECOFTC Myanmar, yukiko@recoftc.org
  • ခင်သီရိထွန်း ၊ သင်တန်းရေးရာ အရာရှိ ၊ RECOFTC Myanmar, khinthiri.htun@recoftc.org တို့ထံ ဆက်သွယ်နိုင်ပါသည်။