RECOFTC မြန်မာ
RAFT 3 - Myanmar

အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့် စ့စပ်ညှိနှိုင်းဆွေးနွေးပွဲကျင်းပခြင်း

RECOFTC News

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (MONREC) နှင့် ဥရောပသမဂ္ဂ (European Commission) တို့ပူးပေါင်းပြီး Forest Law Enforcement, Governance and Trade (FLEGT) Voluntary Partnership Agreement (VPA) သစ်တောဥပဒေစိုးမိုးမှု၊ စီမံအုပ်ချုပ်မှုနှင့် ကုန်သွယ်မှုဆိုင်ရာဆန္ဒအလျောက် မိတ်ဖက်အဖြစ် အကောင်အထည်ဖော်နိုင်ရန်ဆာင်ရွက်လျက်ရှိရာ အကျိုးဆက်စပ်ပတ်သက်သူများတွင် ပါဝင်သည့် အရပ်ဖက်လူ့အဖွဲ့အစည်းများ (CSOs) များနှင့်စ့စပ်ညှိနှိုင်းဆွေးနွေးခြင်းကို ရန်ကုန်မြို့ရှိ Summit Park View ဟိုတယ်၌ ၂၀၁၆ ခုနှစ်၊ဖဖော်ဝါရီလ (၂) ရက်နေ့ကပြုလုပ်ခဲ့ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်းမှာ အရပ်ဖက်လူ့အဖွဲ့အစည်းများ၏ အမြင်များကိုစေ့စပ်ညှိနှိုင်းဆွေးနွေးခြင်းဖြင့် နားလည်သဘောပေါက်စေရန်၊စ့စပ်ညှိနှိုင်းဆွေးနွေးခြင်း၏ စိန်ခေါ်မှုများနှင့် အာင်မြင်မှုအတွေ့အကြုံများကို မျှဝေရန်င့်ရှ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းအဖွဲ့သို့ ထာက်ခံချက်ပေးရန်တို့ဖြစ်ကြပါသည်။

ထိုအလုပ်ရုံဆွေးနွေးပွဲကို RECOFTC – The Center for People and Forests, MONREC နှင့် International Alert (IA) တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး တက်ရောက်သူဦးရေ စုစုပေါင်း ၂၃ ဦးပါဝင်ခဲ့ကြကာ စေ့စပ်ညှိနှိုင်းဆွေးနွေးရာတွင် ကြုံတွေ့နိုင်ဖွယ် စိန်ခေါ်မှုများ၊သွင်ပြင်လက္ခဏာများ၊ ဆာင်ရွက်နိုင်မည့် အဖွဲ့အစည်းနှင့် ဌါနများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများပြုလုပ်နိုင်သည့်အချက်များနှင့် လုပ်သင့်သည့်အချက်များကို ဖာ်ထုတ်ဆွေးနွေးခဲ့ပါသည်။