RECOFTC မြန်မာ
RAFT 3 - Myanmar

Responsible Asia Forestry and Trade (RAFT) အပိုင်း သုံး၏ ကနဦး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

RECOFTC News

သြစတြေးလျနိုင်ငံအစိုးရ၏ အထောက်အပံ့ဖြင့်မန်မာနိုင်ငံတွင် RECOFTC - The Center for People and Forests နှင့် The Nature Conservancy (TNC) တို့ ပူးပေါင်းဆောင်ရွက်မည့် Responsible Asia Forestry and Trade (RAFT) အပိုင်းသုံး၏ ကနဦးအလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့၌ ရန်ကုန်မြို့ရှိ အင်းယားလိတ်ဟိုတယ် တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌါနမှ သစ်တောဦးစီးဌါနနှင့်မန်မာသစ်လုပ်ငန်း၊
အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များနှင့် သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များ၊ FLEGT မှ ကိုယ်စားလှယ်များ စုစုပေါင်း ၃၂ ဦးတက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင်ဒါက်တာကျော်တင့်က Modified Myanmar Selection System ကို အကျယ်တဝင့်ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်ဆွေးနွေးကြသူများက နည်းပညာ၊ လူမှုရေးရာ၊ စီးပွားရေးရာင့် အဖွဲ့အစည်း ဆိုင်ရာ ရှုထောင့်များမှ ဝင်ရောက်ဆွေးနွေးဖာ်ထုတ်ခဲ့ကြပါသည်။