Welcome To RECOFTC Publications

ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ ကွန်ယက်များ - ဂျဲန်ဒါတန်းတူညီမျှမှု၊ အားလုံးပါဝင်သော စီမံအုပ်ချုပ်မှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ချက်တို့အတွက် တွန်းအားတစ်ခု။ [နှစ်စဉ်အစီရင်ခံစာ ၂၀၂၁ - ၂၀၂၂]

Date
04 Aug 2023
Authors
RECOFTC
Publisher
RECOFTC
Serial No.
0000459
ISBN/ISSN
978-616-8089-74-3

ဤနှစ်စဉ်အစီရင်ခံစာသည် ၂၀၂၁ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ခုနှစ် စက်တင်ဘာလအတွင်း လုပ်ဆောင်ချက်များကို ထည့်သွင်းအစီရင်ခံထားခြင်းဖြစ်ပါသည်။ ကမ္ဘာတစ်ဝှမ်း ဖန်လုံအိမ်ဓါတ်ငွေ့များ ထုတ်လုပ်မှုတိုးများလာသည်နှင့်အမျှ ရာသီဥတုပြောင်းလဲမှု ကုစားခြင်းဆိုင်ရာ ဆောင်ရွက်ခြင်းများသည်လည်း ပိုမို အရေးကြီးလာပြီဖြစ်သည်။ အာရှပစိဖိတ်ဒေသ၏ သစ်တောများတည်ရှိခြင်းကြောင့် ဤစိန်ခေါ်မှုကို တုံ့ပြန်ဆောင်ရွက်ရာတွင် အဆိုပါဒေသသည် အရေးပါသော ကဏ္ဍမှ ပါဝင်လျှက်ရှိပေသည်။

ယခုအစီရင်ခံစာတွင် ထည့်သွင်းထားသော ဖြစ်ရပ်များသည် RECOFTC အနေဖြင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ အသိအမြင်များကို မည်ကဲ့သို့ တိုးမြှင့်စေသည်၊ မည်သည့် ထုတ်ကုန်များနှင့်ဝန်ဆောင်မှုများပေးလျှက်ရှိသည်၊ အဆိုပါဆောင်ရွက်ချက်များကို မည်သူတို့က အကောင်အထည်ဖော်လျှက်ရှိသည်တို့ကို ဖော်ပြလျှက်ရှိပါသည်။ ယခုကဲ့သို့ ထင်ရှားစွာသိမြင်စေခြင်းအားဖြင့် ရေရှည်တည်တံ့ပြီး စိမ်းလန်းစိုပြေ၍ ကြံ့ကြံ့ခံနိုင်စွမ်းရှိသော  သစ်တောများ ဖြစ်လာစေရန် အထောက်အကူပေးပြီး သစ်တောအမှီပြုဒေသခံတို့၏ သစ်တောလုပ်ပိုင်ခွင့် အခွင့်အရေးများကို သာတူညီမျှစွာ ရရှိစေပြီး ၎င်းတို့၏ရှင်သန်နေထိုင်နိုင်မှုကိုလည်း အထောက်အကူပေးပါသည်။

Geographic Focus

Collection